ပုလောမြို့တွင် ရပ်ကွက် နှင့် ကျေးရွာပေါင်း (၃၅)ခု ရှိသည်။ ပုလောမြို့နယ်တွင် ပါဒစက်တော်ရာသည် ထင် ရှားပါသည်။ နှစ်ကျိပ် ရှစ်ဆူ ဘုရားပွဲတော်သည် တနှစ်တကြိမ် ကျင်းပပြီး စည်ကားလှပေသည်။ နာရေးကူညီမှုအသင်းများ ပတ်စဉ်အရုဏ်းဆွမ်းလောင်းအသင်းများသည် ရပ်ကွက်တိုင်းမှာလိုလို ရှိပြီး သာရေးနာရေးများဖြင့် လူမှုဘာသာရေး ကောင်းလှပါသည်။ မြန်မာ မွန် ကရင် လူမျိုးများ နေထိုင်ကြသည်။မြန်မာလူမျိုဆိုသည့်တိုင်အောင် စကားသံမှာ တမူထူးခြားသော လူမျိုးဖြစ်သည်။ ထားဝယ်လူမျိုး ဟုလည်း ခေါ်ဝေါ်ကြပါသည်။ ရခိုင် လူမျိုးစကားသံ နှင့် အဆင် တူပါသည်။
